Bago News

Bago News

နတ်တလင်းမြို့နယ်၊ ကွင်းကျယ်စစ်တပ်အထိုင်စခန်းနှင့်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု ၈ ဦး သေ ဆုံး၊ ကွင်းကျယ်စစ်တပ်အထိုင်စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်စစ်တပ်စခန်းကုန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး ပြီး ကွင်းကျယ်စစ်တပ်အထိုင်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

 

မေလ ၁၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်မှ စ၍ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာ စစ်တပ် အ ထိုင် စခန်းအား ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တနေကုန်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပျဉ်ပုံရွာမှ ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးခုခံခဲ့ကြောင်း သိရသည်။

အလားတူ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေလ ၁၉ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်တွင် သိမ်ကုန်းတာဝါ တိုင်စခန်းမှ စစ်သား၊ ပျူစောထီး အင်အား ၇၀ ခန့်သည် စခန်းစွန့်ခွာထွက်ပြေးလာပြီး ကွင်းကျယ် ကျေးရွာ စခန်းသို့ ပူးပေါင်းရန်ထွက်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထွက်ပြေးလာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ပေါက် ဖွင့်ပေးကာ မိုင်းထောင်၍ ကွင်းကျယ်ကျေးရွာ စစ်တပ်အထိုင်စခန်းအနီးကင်းပုန်းဝပ်၍ စောင့်ဆိုင်း နေခဲ့သည်ဟု ဆိုသည်။

 

မေလ ၁၉ ရက် နံနက် ၉ နာရီ ၄၅ အချိန်ခန့်တွင် သိမ်ကုန်းစခန်းမှ ထွက်ပြေးလာသော စစ်ကြောင်း သည် ကွင်းကျယ်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ စစ်တပ်အထိုင်စခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မေလ ၂၀ ရက် နံနက် ၁၁ နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ကွင်းကျယ်အထိုင်စခန်းမှ လက်ကျန်အင်အားနှင့် သိမ် ကုန်းစခန်းမှ ထွက်ပြေးလာသော စစ်သားများပူးပေါင်း အင်အား ၈၀ ကျော်ဖြင့် လာရာလမ်းအတိုင်း ပြန်လည် ထွက်လာစဉ် နံနက် ၁၁ နာရီ ၁၂ မိနစ်အချိန် မိုင်းကွင်းအတွင်းအရောက် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီ ၁၆ မိနစ်အချိန်တွင် နောက်ထပ်မိုင်းကွင်းတစ်ကွင်းအ တွင်း ထပ်မံဝင်ရောက်လာသဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်များဖြင့်လည်း လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားသည့် ကွင်းကျယ် အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်တွင် ဝင်ရောက်ကာ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်သားအလောင်းများမှာ ဘန်ကာများအတွင်း အပုပ်နံ့များထွက်နေသဖြင့် စခန်းတစ်ခုလုံးကို မီးရှို့ ဖျက်ဆီးလိုက်ကြောင်း၊  ယင်းတိုက်ခိုက်မှု ၃ ရက်အတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးထက် မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်‌‌ရေးတပ်မ‌တော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ ၂၂ ၊ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း(P23801) ၊ နတ်တလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (နတ်တလင်း ပ.က.ဖ) နှင့် တပ်ရင်း – ၃၈၀၁ ဒရုန်းတပ်ဖွဲ့ (Bago Wings UAV Force) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanamr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး ကောက်ခံပြီး တပ်သားသစ်စုဆောင်းနေသည့် သိုက်ဝါး ချောင်းအုပ်စုမှ စစ်ကောင်စီခန့် ရာအိမ်မှူး အုန်းသန်း ပစ်ခတ်ခံရပြီး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းအုပ်စုတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံ ပြီး တပ်သားသစ်စုဆောင်းနေသည့် ရာအိမ်မှူး...