Bago News

Bago News

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ၊ ယင်းစခန်းမှ ထွက်ပြေး သွားသူများကို ရခိုင်ရိုးမနှင့် မကွေးတိုင်းအတွင်းရှိ ရှေ့တန်းနေရာများသို့ ပို့ဆောင်

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ယင်းစခန်း မှ ထွက်ပြေးသွားသည့် စစ်သားများကို ရခိုင်ရိုးမနှင့် မကွေးတိုင်းအတွင်းရှေ့တန်းနေရာများကို ပို့ ဆောင်လိုက်ကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်း က သတင်းထုတ်ပြန်သည်။

 

မေလ ၁၇ ရက်နေ့က ပေါင်းတည်မြို့နယ် စစ်ကောင်စီ၏သစ်ပုတ်တာဝါတိုင်အထိုင်စခန်းသို့ အင် အားဖြည့်တင်းရန်ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်သားများအား ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း တပ်ရင်း ၃၆၀၂ နှင့် တပ်ရင်း ၃၆၀၁ ၊ ပြည်ခရိုင် ပကဖ အဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ၍သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းသို့ထွက်‌ပြေး၀င်ရောက်သွားသိရသည်။

ထို့နောက် မေလ ၁၈ ရက် ညပိုင်းတွင် သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် မေလ ၁၉ ရက်နေ့တွင် သစ်ပုတ်တာဝါတိုင်အထိုင်စခန်းအား အပြီး သတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်း သိမ်းကုန်းတာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများသည် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ‌အနီးနားရှိ ကျေးရွာများအား မီးရှိုဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ် ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိပြီး ယခုအခါ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်း တွင် ပြည်မြို့မှတဆင့် ရခိုင်ရိုးမရှေ့တန်းနေရာများနှင့် မကွေး တိုင်းရှိ တော်လှန်ရေးနယ်မြေများသို့ ပို့ဆောင်နေကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၂ ကထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ညောင်ဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Democratic Army...