Bago News

Bago News

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို တိုက်ခိုက်မှု အရာရှိအပါအဝင် ၅ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အရာရှိအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Fire Dragon တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၈ ရက် ညနေ ၅ နာရီ ၄၀ မိနစ်က ညောင်လေးပင်မြို့မှ ရွှေကျင်မြို့သို့ ထွက်ခွာလာသော စစ် တပ်အရာရှိ လိုက်ပါလာသော ကားကို ညောင်လေးပင် -ရွှေကျင်လမ်းပိုင်းတနေရာအရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာနေရာမှာပင်ရပ်တန့်သွားပြီး ကားပေါ် ပါစစ်တပ်အရာရှိအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ညောင်လေးပင် – ရွှေကျင်လမ်းမဘေး၌ ကင်းပုန်းယူနေသော စစ်ကာင်စီ တပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၇၀၃ တပ်ရင်း မီးနဂါး (Fire Dragon) ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မဒေါက်မှ Light Truck ကား ၂ စီး ဆိုင်ကယ် ၅ စီး ဖြင့် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားရာနေရာအား ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာကာ သေ ဆုံး ၊ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို သယ်ဆောင်သွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KIA News

KIA News

ဗန်းမော်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခံရသည့် ဗျူဟာမှူးအသစ်နှင့်အဖွဲ့ KIA တပ်ဖွဲ့က ပစ်ချခံ ရပြီး သေဆုံး၊ KIA က ပစ်ချမှုကြောင့် ရဟတ်ယာဉ် ၂ စီးပျက်စီး သံလွင်မြန်မာသတင်း မေလ ၂၀   ဗန်းမော်မြို့သို့ ဗျူဟာမှူးအချိန်းအပြောင်းပြုလုပ်ရန် ရဟတ်ယာဉ် ၃ စီးဖြင့်လာရောက်သည့် ဗျူဟာမှူးနှင့်အဖွဲ့ကို...