Bago News

Bago News

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် စစ်တပ် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း ထံမှ သိရသည်။

 

မေလ ၁၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဘောင်မှ သိမ်ကုန်းတာဝါ တိုင်အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်း ကို သိမ်ကုန်းရွာအနီး ပိန်းသိုက်စမ်းနေရာ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စနိုက်ပါ၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး သေဆုံးဒဏ်ရာရ စစ်သားများကို သိမ်ကုန်းတာဝါတိုင်စခန်းသို့ ပုခက်များဖြင့် သယ်ဆောင်သွားကြောင်း၊ မေလ ၁၈ ရက်နေ့တွင် သေဆုံးစစ်သားအလောင်းများကို အမိန့်ပြန်ကာ သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းနှင့် ၃၆၀၂ တပ် ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊...