Bago News

Bago News

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများပြည်သူသွားလာသည့်လမ်း ပေါ်တွင် စစ်တပ်စစ်ကြောင်း မိုင်းအလုံး ၇၀ ခန့်ထောင်ထားပြီး ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်း

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ပဲခူးတိုင်း၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများ ပြည်သူအသုံးပြုသွားလာသည့် လမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းက မိုင်းအလုံး ၇၀ ခန့်ထောင်ထားခဲ့ ရာ ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်းပြီးဖြစ်ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ ထံ မှ သိရသည်။

 

မေလ ၁၅ ရက်နေ့က ရေတာရှည်မြို့ဘက်မှ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများပြည် သူအသုံးပြုသွားလာသည့် လမ်းမကြီးပေါ်တွင် M-2 အမျိုးအစားမိုင်းအလုံး ၇၀ ခန့်ကို သွယ်တန်း ထောင်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်သားများက ထောင်ထားခဲ့သည့်မိုင်းများကို ရေတာရှည်မြို့နယ် အခြေစိုက် အမှတ် ၄၅၀၄ တပ်ရင်းမှ ရဲဘော်များ၊ ပကဖအဖွဲ့များနှင့် နေပြည်တော်အလယ်ပိုင်းတိုင်း အမှတ် ၈၀၅ တပ်ရင်းမှ ရဲဘော်များပူးပေါင်းပြီး ယနေ့မေလ ၁၈ ရက်နေ့တွင် သွားရောက်ဖယ်ရှားရှင်း လင်းခဲ့ရာ မိုင်းအလုံးရေ ၂၃ လုံးကို ဖယ်ရှားလင်းပြီးဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိကြသော ဒေသနေပြည်သူများအနေဖြင့် စစ်ကောင် စီတပ်က အသိတရားကင်းမဲ့စွာ မဆင်မခြင်ထောင်ထားတတ်သောကြောင့် သွားလာဖြတ်သန်းသည့် အခါများတွင် သတိကြီးကြီးထား၍ ပတ်ဝန်းကျင်ကို ဂရုတစိုက် ဖြတ်သန်းသွားလာကြပါရန် အထူး မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့ရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီး

မိုးကုတ်မြို့ရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင် စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၁၄ ရက်...