Bago News

Bago News

တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ ဦးအ ပါအဝင် ၁၀ ဦးသေဆုံးပြီး ဂျက်ဖိုက်တာ ၂ စီး၊ Y8 ၁ စီးနှင့်ဂိုဒေါင်များပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှောက်တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ၂ ဦးအ ပါအဝင် ၁၀ ဦးသေဆုံးပြီး ဂျက်ဖိုက်တာ ၂ စီး၊ Y8 ၁ စီး နှင့်ဂိုဒေါင်များပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၁၈ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၈ မိနစ်က တောင်ငူမြို့၊ ကေတုမတီလေ တပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးအေင်မြင်စွာ ကျရောက် ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး၊ လေ အုပ်အပါအဝင် အခြားအဆင့်စစ်သည် ၆ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ လေတပ်စစ်သည် ၁၂ ဦး ဒဏ်ရာရရှိထားပြီး ယင်းဒဏ်ရာရရှိသူများကို မဆရ ၃ စစ်ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ထို့အပြင် Jet Fighter ၂ စီး ၊ Y-8 ၁ စီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အတွင်းရှိ ဒရုန်းဂိုဒေါင်မီး လောင်ပျက်စီးကာ လေတပ်အတွင်းပစ္စည်းသယ်ပို့လုပ်ပေးနေသော ယာဉ်အချို့၊ လေတပ်အတွင်းရှိ လေတပ်စစ်သည်များ နားနေဆောင် ၁ လုံး ၊ လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂ လုံးတို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင် မြောက် ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ငူ လေတပ်စခန်းသည် စစ်ရာဇဝတ်မှုများ ကျုးလွန်ရာတွင် အရေးပါ သော လေတပ် ဒေါက် တိုင် တစ်ခုအဖြစ် ထမ်းဆောင်ပေးနေသည့်အပြင် ယခုရက်ပိုင်း တောင်ပိုင်းတော်လှန်ရေး အင်အားစု များ ၏ တော်လှန်ရေး လှုပ်ရှားမှုများကိုလည်း လေကြောင်းမှ တရစပ် ဗုံးကြဲ တိုက်ခိုက်ရာတွင် အဓိက ပါဝင်နေသော လေတပ်စခန်း တစ်ခု ဖြစ်နေသောကြောင့် BWM Mission 37 အဖြစ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အိုးထိန်းကွင်းရွာ စာသင်ကျောင်းက ကလေးတို့အတွက်ကြေကွဲခဲ့ရသလို အခုသူတို့အတွက် ထိထိ ရောက်ရောက်လက်တုန့်ပြန်နိုင်လို့ ကျနော်တို့ရဲဘော်တွေအနေနဲ့ကျေနပ်ပါတယ်။” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

မြေပြင်စစ်ဆင်ရေးများတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ပဲ ကျရှုံး မှုများစွာနှင့် ရင်ဆိုင်လာရသော စစ်ရှုံးကောင်စီသည် လေတပ်ကိုအားကိုး၍ ဝေဟင်အသာစီးဖြင့် တော်လှန်ရေးအင်အားစုများကို တန်ပြန် တိုက်ခိုက် လာရုံမျှမက ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်း ကျေးရွာ စာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ကလေး သူငယ်များနှင့် ဆရာ၊ ဆရာမများ ကိုဗုံးကြဲ သတ်ဖြတ်မှုအပါအဝင် နိုင်ငံတဝှမ်း အရပ်ဘက်ပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲသတ် ဖြတ်ပြခြင်းဖြင့် ၎င်း၏ မတရားလုယူထားသော အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ကြိုးစားနေ ကြောင်း အသိပေးထားသည်။

 

နွေဦးတော်လှန်ရေး၏ အောင်မြင်ရန်စစ်ကောင်စီလေတပ်ကို ပြိုလဲအောင် လေတပ်များ၊ တိုက်လေ ယာဉ်များ၊ pilot များ၊ လေယာဉ်ဆီ၊ ဗုံးသီးတန်ဆာတို့ ထုတ်လုပ်သည့် စက်ရုံ အပါအဝင် လေတပ်ကို အားဖြည့်သည့် ဒေါက်တိုင်မျိုးစုံတို့ကို ဖြိုလှဲရန် လက်လှမ်းမှီသည့် တော်လှန်ရေးအင်အားစုများ၊ ပြည် သူ များမှ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားသုံးစွဲပြီး စစ်မှုထမ်းတပ်သားများကို ပစ်သတ်ဖို့လုပ်၊ ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းတပ်သားများကို သန္ဓေစစ်သားများ လူသားဒိုင်းကာ အဖြစ် အသုံးချနေ (ရုပ်သံ)

စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားသုံးစွဲပြီး စစ်မှုထမ်းတပ်သားများကို ပစ်သတ်ဖို့လုပ်၊ ရှေ့တန်းစစ်မြေပြင်တွင် စစ်မှုထမ်းတပ်သားများကို သန္ဓေစစ်သားများ လူသားဒိုင်းကာ အဖြစ် အသုံးချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ စစ်ကောင်စီတပ်အတွင်းရှိ သန္ဓေစစ်သားများက မူးယစ်ဆေးဝါး၊ အရက်သောက်စားသုံးစွဲကာ စစ်မှု ထမ်းတပ်သားများကို ပစ်သတ်ဖို့အထိလုပ်ဆောင်နေကြောင်းနှင့် ရှေ့တန်းတိုက်ပွဲများတွင်လည်း လူ သားဒိုင်းကာအဖြစ် သုံးချနေကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သား ကိုကျော်မင်းခိုင်က ပြောကြား သည်။ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ခလရ ၆၀ တပ်ရင်း...