နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေးနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီးသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၁၆
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေး နေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီး သေဆုံးသွားကြောင်း Phonex DF တပ်ဖွဲ့ ထံမှ သိရသည်။
ယနေ့ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က နတ်တလင်းမြို့နယ်၊ ကံစုကျေးရွာနေ စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ခိုင်ကြီးနှင့် အောင်ကျော်စံတို့ကို ဖမ်းဆီးပြီး နောင်နောင် စစ်တပ် ထောက်တိုင်အဖြစ် မပြုလုပ်ရန်၊ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း မပြုလုပ်ရန် ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သတိပေးနေစဉ် အောင်ကျော်စံဆိုသူမှ ရေသောက်ဦးမည်ဟုဆိုကာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးချိန် ကျန်ရှိနေသည့် ခိုင်ကြီးကပါ ထပ်မံထွက်ပြေးသွားသဖြင့် အောင်ကျော်စံဆိုသူမှာ လွတ်မြောက်သွားကြောင်း၊ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်တွင် ခိုင်ကြီးဆိုသူအား ပြန်လည်ဖမ်းဆီးရရှိခဲ့ ကြောင်း သိရသည်။
ပြန်လည် ဖမ်းဆီးရရှိသည့် ခိုင်ကြီးကို ဆီဆုံကုန်းကျေးရွာနှင့် ကံစုကျေးရွာကြားရှိ တောင်ကုန်း တစ် ခုပေါ်တွင် စစ်ဆေးမေးမြန်းနေစဉ် ကံစုကျေးရွာတဖက်ထိပ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ခိုင်ကြီးကို စစ်မေးနေသည့်နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲပြီး ခိုင်ကြီးမှာ နေရာ မှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ -၂ (Phoenix DF) ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက် ပေါက်ခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်နိုင်လိုက်သဖြင့် အသက်ဘေးမှ လွတ်မြောက်ကာ ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media