Bago News

Bago News

မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာစစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားသဖြင့် မီးရှို့ရှင်းလင်း

 

သံလွင်မြန်မာသတင်း

မေလ ၁၅

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် စခန်းကို မီးရှို့ရှင်းလင်းပေးလိုက် ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ ထံမှ သိရသည်။

 

မေလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ မှ ပိတ် ဆို့ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၆ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်းသို့ ခလရ ၁ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက် ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကျွန်းကုန်းရွာမှ နေအိမ် ၁ လုံးကိုလည်း မီးလောင်ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထပ်မံ တိုက်ခိုက်ခံရမည် ကို စိုးရိမ်၍ စခန်းအပြင်သို့ မထွက်ရဲတော့ဘဲ စစ်ကူခေါ်ခဲ့ရာ မေလ ၈ ရက်နေ့ ညနေပိုင်းတွင် ဖော ကား ၆ စီးဖြင့် စစ်ကောင်စီ တပ်သားများ ထပ်မံ ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် စခန်းရှိ ပစ္စည်း များအားလုံးကို သယ်ဆောင်ကာ ည ၁၁ နာရီခန့်၌ စခန်းစွန့်ခွာ တပ်ဆုတ်သွားကြောင်း သိရသည်။

 

ထို့ကြောင့် မေလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်တပ် စခန်းအတွင်းဝင်ရောက်ပြီး မီးရှို့ရှင်းလင်းပေးလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူတပ်မ ၁၀၁ တပ်အတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး ပြန်ဆုတ်ရာတွင် စစ်ကောင် စီတပ်က မြေပြင်၊ ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်

ပခုက္ကူတပ်မ ၁၀၁ တပ်အတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး ပြန်ဆုတ်ရာတွင် စစ်ကောင် စီတပ်က မြေပြင်၊ ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခိုက်ပြီး ပြန်လည်ဆုတ်ခွာရာတွင် စစ်ကောင်စီတပ်က မြေပြင် ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။   ဩဂုတ်လ ၂ ရက်...