Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုပ်ဖိုထဲမှ သိရသည်။

 

မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ကြိုပင်ကောက်မြို့နယ်၊ မြိုတွင်းအုပ်စု၊ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းမှ နယ်ထိန်း မာန်ဟိန်း သည် ကြို့ပင်ကောက်မြို့ဘက်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ် စီးလာစဉ် အလယ်ကုန်းကျေးရွာ အနောက်ဘက် လမ်းမပေါ်အရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်စဉ် နယ်ထိန်းရဲ မာန်ဟိန်းသည် အနီးအနားရှိ နေအိမ်ထဲကို ဝင်ပြေးသွားသဖြင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပြီး လိုက်လံပစ်ခတ်ခဲ့ရာ ဦးခေါင်းတည့် တည့် ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း၊ ၎င်းထံမှ G3 ကျည် ၂၀ တောင့်၊ စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် ငွေသား ၆၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

နယ်ထိန်း မာန်ဟိန်းသည် ပြည်သူများ၏ ဆိုင်ကယ်များအား ဖမ်းဆီးခြင်း၊ ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကိုလည်း ဆိုင်ကယ်ရပ်မပေးဟု ဆိုကာ အခြား စစ်သား၊ ရဲများနှင့်အတူ ပစ်သတ်ခြင်း၊ စစ်ကောင်စီတပ်သားများနှင့်အတူ လူငယ်များအား အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တက် ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးရဲဘော်များ၏ အချက်အလက်များအား စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက် ငွေတောင်းခြင်းများ လုပ်ဆောင်နေသော ကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွား မည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြ ပါရန် အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြောင်း...