ညောင်လေးပင်မြို့နယ်တွင် ဒိုင်နာကားဖြင့်လိုက်ပါလာသော အရာခံဗိုပါ စစ်သား ၂ ဦး ပစ်ခတ်ခံရ ပြီးသေဆုံး၊ စစ်ကူလာသော စစ်ကြောင်းကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးထပ်မံသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၁၂
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေကြည်ချောင်းကျေးရွာနှင့် ပုဇွန်မြောင်းကျေးရွာကြားတွင် ဒိုင် နာကားဖြင့် လိုက်ပါလာသော အရာခံဗိုလ်ပါ စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး သေ ဆုံးသွားကြောင်း Fire Dragon တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ရွှေကျင်မြို့မှ ညောင်လေးပင်မြို့သို့ ဒိုင်နာကားဖြင့် လိုက်ပါလာသည့် စစ်သား ၂ ဦးကို ညောင်လေးပင်မြို့နယ်၊ ရေကြည်ချောင်းကျေးရွာနှင့် ပုဇွန်မြောင်း ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေ ဆုံးသွားကြောင်း သိရသည်။
“ကားကို မသိမ်းခဲ့ပါဘူး။ ကားပေါ်ပါတဲ့ နှစ်ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေတယ်၊ တစ် ယောက်က အရာခံဗီုလ်လို့ သိရပါတယ်။ ကားသမား လည်းအနည်းငယ်တော့ ထိခိုက်ဒဏ်ရာရတယ် လို့ကြားတယ်၊ ကားကိုလည်းအဲဒီမှာပဲ ထားခဲ့တယ်။ နောက်ပြီးတော့ အဲဒီမှာရှိ တဲ့ တာပြတ်တို့၊ အင်း ဝိုင်းတို့၊ ရေကြည်ချောင်းတို့မှာရှိတဲ့ စခတွေက အပြင်း အထန်ဖိပြီးတော့ လိုက်တိုက်တဲ့အတွက် ကိုယ့်ဘက်က ပြန်ခုခံရတာတွေရှိတယ်။” ဟု Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ထိုသို့ တိုက်ခိုက်ရမှုကြောင့် ညောင်လေးပင်မြို့နယ်၊ တာပြတ်၊ အင်ဝိုင်း၊ ပုဇွန်မြောင်းနှင့်ရေကြည် ချောင်းကျေးရွာတို့ရှိ စစ်ကောင်စီတပ်သားများက လိုက်လံတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၇၀၃ – Fire Dragon တပ်ဖွဲ့ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media