Bago News

Bago News

ပဲခူးရိုးမ၊ ဟိုင်းယုလမ်းဆုံ၌ တပ်စွဲထားသော စခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ရှင်းလင်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမထဲရှိ စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ် ကျော်လမ်းဘေးက ဟိုင်းယုလမ်းဆုံ၌ တပ်စခန်းဆောက်ကာ အထိုင်ချတပ်ဆွဲထားသော စစ်တပ် စခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြည်သူများကို ကားများကို ချောဆွဲ၍ စစ်ကောင် စီတပ်သားများ တက်လာပြီး မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမထဲရှိ စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ် ကျော် လမ်းဘေးက ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းသို့ ရောက်ရှိနေကြောင်း သတင်းအရ သာယာ ဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲဘော်များမှ တိုက်ခိုက်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ရောက်ရှိချိန် စစ်ကောင်စီတပ်သားများမှာ တပ်စခန်းအတွင်းမှ ထွက်ပြေးသွားသောကြောင့် ထပ်မံလာရောက်နေထိုင်နိုင်ခြင်းမရှိစေရန် စခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရသည်။

 

အဆိုပါ မီးရှိရှင်းလင်းလိုက်သည့် ဟိုင်းယုလမ်းဆုံ တပ်စခန်းသည်၂၀၂၃ ခုနှစ်၊ ၁၀ လပိုင်းမှ စတင်၍ စစ်သားများ အထိုင်ချ နေထိုင်ကာ  ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီး၍ ခြိမ်းခြောက် ငွေညှစ်ကာ အမျိုး မျိုး ဒုက္ခပေးနေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၃ ကြိမ်ထက်မနည်း ပစ်ခတ် တိုက် ခိုက်ခဲ့ဖူးပြီး စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...