ရွှေကျင်မြို့ ခမရ ၅၉၈ တပ်ရင်း ဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ၊ ပွိုင့်ဖိုက် စက်သေ နတ်အပါအဝင် လက်နက် ၈၃ လက်နှင့်အတူ စစ်သုံပန်း ၆ ဦး၊ မိသားစုဝင် ၇ ဦး ဖမ်းဆီးရရှိ
သံလွင်မြန်မာသတင်း
မေလ ၁၁
ပဲခူးတိုင်း၊ ရွှေကျင်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်း ပိုက်ခဲ့ရာ စစ်သားအလောင်း ၃၀ ၊ ပွိုင့်ဖိုက် စက်သေ နတ်အပါအဝင် လက်နက် ၈၃ လက်နှင့်အတူ စစ်သုံပန်း ၆ ဦး၊ မိသားစုဝင် ၇ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
မေလ ၈ ရက်နေ့က ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ၊ တောင်ပိုင်း အမှတ် ၁ စစ်ဆင်ရေးနယ်မြေနှင့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေ တို့ ၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းပိုက်မှုအတွင်း စစ်သားအလောင်း ၃၀ တွေ့ရှိပြီး စစ်သုံပန်း ၆ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၏ မိသားစုဝင် ၇ ဦးတို့ကို ဖမ်းဆီးရရှိခဲ့ကာ ခမရ ၅၉၈ တပ်ရင်းမှူးအပါအဝင် အရာရှိတပ် သား ၅၀ ခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော ပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၈၃ လက် ၊ ဂျန်မာစက် ၃ လုံးနှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇) မှ နဂါးဖြူ တပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက် ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၃) မှ တပ်ရင်း (၇) နှင့် ဒရုန်းအဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Thanlwin Myanmar Media