Bago News

Bago News

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၈

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီတပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Fire Dragon စစ်ကြောင်းထံမှ သိရသည်။

 

မေလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ် ရုံးတိုင်းကျေးရွာအနီးရှိ အကြမ်း ဖက် စစ်တပ်၏ သံဆိပ်စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ရွှေကျင်ဘက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအ၀င် ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“စခအင်အားကတော့ ၁၀၀ နီးပါးပါတယ်။ ရွှေကျင်ကို စစ်ကြောင်းက ပြန်ဆင်းတာကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရသူ တချို့လည်းရှိပါတယ်” ဟု Fire Dragon စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ၃၇၀၃ တပ်ရင်း ( Fire Dragon စစ်ကြောင်း) နှင့် KNLA တပ်ရင်း ၇ ပူးပေါင်း စစ်ကြောင်းတို့က လုပ်ဆာင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ စက်တင်ဘာလ ၁၁ ရက် နံနက်...