Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျွန်းကုန်းရွာစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သားအလောင်း ၅ လောင်းသိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၃

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စ ခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား အလောင်း ၅ လောင်းသိမ်းဆည်း ရရှိခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်သည်။

 

ဧပြီလ ၂၈ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျွန်း ကုန်းကျေးရွာတွင် အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သားအလောင်း ၅ လောင်း တွေ့ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း MA1 အမျိုးအစားသေနတ် ၁ လက်၊MA3 အမျိုးအစား သေနတ် ၁ လက်၊ MA11 အမျိုးအစား သေနတ် ၃ လက်၊G3 အမျိုးအစား သေနတ် ၃ လက်၊MA2 အမျိုးအစေား သေနတ် ၁ လက်၊ MA5 အမျိုးအစား သေနတ် ၁ လက်၊MA4 အမျိုးအစား သေနတ် ၁ လက် ကျည်ဘောက် ၆ ဘောက်၊ ကျည်ဘောက် အဝိုင်း ၂ ခု ၊ G3 ကျည်ဘောက် ၄ ဘောက်၊ 5.56 ကျည်အတောင့် ၃၀၀ ၊ 7.62 ကျည် အတောင့် ၅၀၀ စသည့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P – 3702 ၊ ဗျူဟာ၂၅ Droneအဖွဲ့နှင့် KNLA တပ်ရင်း ၉ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း P – 3702 တပ်ရင်းမှ ရဲဘော် တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲစတင်ဖြစ်ချိန်မှစ၍ စစ်ကောင်စီတပ်က ဧပြီလ ၂၈ ရက်နေ့တွင် Y12 ‌လေယာဥ်ဖြင့် ၂ ကြိမ် ဗုံး သီး ၆၇ လုံး၊ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ၊ ဧပြီလ ၂၉ ရက်နေ့တွင် Y12‌ လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးသီး ၂၄ လုံး၊ ဂျက်ဖိုက်တာ လေယာဥ်ဖြင့် ၃ ကြိမ် ၊ Mi 35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သည့် အပြင် နတ်သံကွင်းမြို့၊ကျောက်တံခါးမြို့ရှိ စစ်‌ကောင်စီ တပ်မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...