Bago News

Bago News

နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၆၀ မမ တစ်လက်အပါအဝင်လက်နက် ၆ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၆၀ မမ တစ်လက်အပါအဝင် လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

 

ယနေ့ မေလ ၂ ရက် နံနက်အစောပိုင်း ၃ နာရီ ၅၀ မိနစ်က နတ်တလင်မြို့အရှေ့ဘက်ရှိ ဒမငယ်ကျေး ရွာ၌ တပ်စွဲထားသော ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး ကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“ဒမငယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ ရန်သူဘက်က ၂ ဦးသေတယ်။ ကျန်တဲ့ ပျူနဲ့ စခတွေထွက် ပြေးသွား တယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်၊ ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး၊”ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့တိုက်ခိုက်သိမ်းပိုက်ရရှိသော ရဲကင်းစခန်းအတွင်းသို့ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ် ဆောင်ခဲ့ရာ G3 အမျိုးအစား သေနတ် ၁ လက် ၊ ကာဘိုင် အမျိုးအစား သေနတ် ၃ လက် ၊ MA 3 အမျိုးအစား သေနတ် ၁ လက် ၊ ၆၀ မမ စိန်ပြောင်း ၁ လက် ၊ ၆၀ မမဗုံးသီး ၉ လုံး ၊ ပလတ်စတစ် နင်းမိုင်း ၅ လုံး ၊ ယာဉ်ဖျက်မိုင်း ၄ လုံး နှင့် G 3 ကျည် ၁၂၀ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဒဏ်ရာရရှိပြီး ထွက်ပြေးသွားသော ပျူ ၂ ဦးအနက် ၁ ဦးမှာ တေင်ညိုကွက်သစ်ဆေးရုံ၌ တက်ရောက် ကုသနေစဉ် ထပ်မံသေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂ ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ ၊ တပ်ခွဲ ၆ နှင့် နတ်တလင်း ပ.က.ဖ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...