Bago News

Bago News

စစ်တောင်းမြစ်ဝှမ်းဒေသရှိကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီး ဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃၀

 

ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးများ ၂ ရက် ဆက်တိုက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ် ပြန်သည်။

 

ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာ များကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက် ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် နေအိမ် ၃ လုံးပျက်စီးကာ ဖြူးမြို့နယ်၊ ကညင်ဒိုင်းရွာ၊ ကျောက်တံခါး မြို့ နယ်၊ တောင်ခင်ကျေးရွာ၊ အင်ကုန်းကျေးရွာ၊ ဇရပ်ခင်ရွာဟောင်းကျေးရွာများမှ ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ၄ ဦးမှာ နေရာတွင် သေဆုံး ခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ မတ်လ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ပြည်သူများ ထိခိုက်၊ သေဆုံးမှု များရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို ကူညီ၊ ကယ်ဆယ်ရမည့်အစား နိုင်ငံ နေရာ အနှံ့အပြားတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ ကို လေကြောင်း၊ လက် နက်ကြီးတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်က်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင် နေကြောင်း တောင်းပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...