Bago News

Bago News

မင်းလှမြို့နယ်တွင် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၈

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများမှ စစ် ဘေးရှောင်နေသော ပြည်သူများ၏ နေအိမ်များကို လိုက်လံ ဖောက်ထွင်း ခိုးယူနေသော စစ်ကောင်စီ တပ်သားများသည် ဆားချောင်းရွာထိပ် ကြိုးတံတားပေါ် တက်လာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များက ပစ်ခတ်သော ၄၀ မမ ဗုံးသီး ၂ လုံးသည် စစ် တပ် စစ်ကြောင်းပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး တော်လှန်‌ရေး ရဲဘော်များကလည်း လက်နက်ငယ် များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

 

ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ် သားများ အနီး သွားလာ နေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်နှင့် အထိနာနေသည့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများသည် လေကြောင်း တိုက်ခိုက်မှုများအပြင် ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခြင်း၊ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေ၍ အထူး သတိထား နေ ထိုင်ကြရန် ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာမှ လှည့်ကင်းထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၅   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်းမှ လှည့်ကင်းထွက် လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း...