Bago News

Bago News

အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်တပ်အတွင်း ထည့်သွင်းနေသူ အုပ်ချုပ် ရေးမှူး နိုင်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်တပ် အတွင်း ထည့်သွင်းနေသူ အုပ်ချုပ်ရေးမှူး နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း မြေ အောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၆ နာရီ ၁၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာနေ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦး သည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ငရှည့်ရိုးရွာ အလှူ၌ ရောက်ရှိ နေကြောင်း သတင်းအရ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက ငရှည့်ရိုးရွာလယ် အလှူမဏ္ဍပ် အနီး၌ သေနတ်ဖြင့် ဦးခေါင်းတည့်တည့် အနီးကပ် ၁ ချက် ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ထိုသို့ သေဆုံးသွားသော အုပ်ချုပ်ရေးမှူးနိုင်လင်းထံမှ လက်ပစ်ဗုံး ၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေ သား ၁၀၀၀၀၀ ကျပ် နှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူး နိုင်ဦးသည် စစ်ကောင်စီတပ်သားများက ထုတ်ပေးထားသည့် သေနတ်နှင့် လက်ပစ် ဗုံးတို့ကို ပြ၍ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များကို အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးရုံသာမက အသက်၆၀ ကျော်အရွယ် အမျိုးသား များကိုပါ ပေါ်တာဆွဲဖမ်းဆီး၍ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ တော်လှန်ရေးတပ်ဖွဲများနှင့် ပြည်သူများ အား ဆဲဆိုစိန်ခေါ်ပြီး အုတ်ဖိုမြို အနောက်ခြမ်းရှိ ကျေးရွာများကို စကစများနှင့် အတူ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထား သည်။

 

မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခ ပေးနေကြသည့် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက် သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ် ကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   မကွေးတိုင်းအရှေ့ခြမ်း ပဲခူးရိုးမပေါ်သို့ နေပြည်တော်မှ တက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကား နှင့် လာကြိုသည့်ကားတို့ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၊ ရဲ ၁၉ ဦးသေဆုံးခဲ့ကြောင်း...