Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Fire Dragon – မီးနဂါးစစ်ကြောင်း ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၅ နာရီ ၂၀ မိနစ်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အ တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူယူကာ အင် အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော P2-3703 Fire Dragon (မီးနဂါး) စစ်ကြောင်း ရဲ ဘော်များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ အပါ အဝင် ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မနက်ငါးနာရီလောက်မှာ ရန်သူဘက်ကဒရုန်းနှစ်စင်းနဲ့စပစ်တယ်ပေါ့နော် ပြီးတော့ ကျ နော်တို့ ရှေ့ကင်းနဲ့ တက်လာတဲ့ရန်သူနဲ့ထိတွေဖြစ်တယ်။ရန်သူဘက်ကထိခိုက်မှု​​​များသွားတယ် ။ သူ့ တို့ပြန်ဆုတ်သွားတယ်။ ပြီးတော့ ပြန်တက်လာဖို့လုပ်တယ် ဒရုန်းတွေနဲ့ ထပ်ချတယ်၊ လက်နက်ကြီး ပစ် ကူယူတယ်၊ နောက် MI 35 ချေမှုန်းရေးရဟတ်ယာဥ် ပစ်ကူထိပါ ယူရတယ်ပေါ့နော်။” ဟု Fire Dragon – မီးနဂါးစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ရှင်းပြသည်။

 

ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ကူယူတိုက်ခိုက်ခဲ့ သော်လည်း ထိုးဖောက်နိုင်ခြင်းမရှိပဲ အထိအခိုက်များစွာဖြင့် ပြန်လည် ဆုတ်ခွာသွားရကြောင်း၊ ယခု အခါ ထိပ်တိုက်ရင်ဆိုင်ထားဆဲဖြစ်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၆ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်းမြန်မာနယ် စပ်ရှိ နတ်အိမ်တောင်စစ်တပ်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး - MSRF က ထုတ်ပြန်သည်။...