Bago News

Bago News

လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရှုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ် ဒို မြို့နယ် နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ် ၇)လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၁၈ ရက် နံနက် ၉ နာရီ ၆ မိနစ်က ကေအဲန်ယူ−လယ်ဒို မြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ−၂၆၄ တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ရေတွင်းကုန်းကျေးရွာ အတွင်းသို့ ၂ လုံးပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ်အရွယ် စောမျိုးသန့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး၊ ဆိုင် ကယ် ၂ စီးနှင့် ထော်လာဂျီ ၁ စီးတို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၈ ရက် နံနက် ၉ နာရီ ၅ မိနစ် တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက် တာ တစ်စီးဖြင့် နိုဂေါ်ကျေးရွာဘေးအတွင်းသို့ ဗုံးကြဲ ပစ်ခတ်ခဲ့ရာ ဝက်တစ်ကောင်သေဆုံးပြီး နွား ၂ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ကလည်း ကေအဲန်ယူ−မူးမြို့နယ်တွင်းရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခမရ−၃၅၁ တပ်ရင်း မှ ထွနီကုန်းကျေးရွာထဲသို့ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ခလယ်လွီထူခရိုင် အတွင်းနေ အပြစ်မဲ့အရပ်သား ပြည်သူပိုင်ပစ္စည်းများနှင့်နေအိမ်များ များစွာထိခိုက်ပျက်စီးဆုံးရှုံးနေရ ပြီး ပြည်သူလူထုများအနေဖြင့်လည်း စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် အသက်ရှင် နေထိုင် နေကြရ ကြောင်း KNU ဗဟို ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး

သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ TNLA ထိန်းချုပ်နယ်မြေ၊ သီပေါမြို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၉ ရက်...