Bago News

Bago News

အုတ်ဖိုမြို့နယ်တွင် စစ်မှုထမ်းစေခိုင်းရန် လူငယ်များကို အတင်းဓမ္မပေါ်တာဆွဲဖမ်းရာ၌ ကူညီနေသူ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၀

 

ပဲခူးတိုင်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် စစ်မှုထမ်းစေခိုင်းရန် လူငယ်များကို အတင်းအဓမ္မပေါ် တာဆွဲဖမ်းဆီးရာ ကူညီပေးနေသူ ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၈ ရက် ည ၈ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကြို့ပင်ဝိုင်းရွာနေ ပျူစောထီး ကိုဖိုးဖြူနှင့် ရန်နိုင်စိုး တို့သည် အရက်သောက်ပြီး‌ နေအိမ် ပြန်လာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များမှ ပစ်ခတ်ရှင်းလင်းရာ နှစ်ဦးစလုံးနေ ရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ၎င်းတို့ ၂ ဦးတွင် လက်နက်နှင့် ဗုံးသီးရှိသည်ဟု သတင်းရ ထားသော်လည်း ၎င်းတို့နှင့်အတူပါရှိလာခြင်းမရှိသဖြင့် သိမ်းဆည်းရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးသည် စစ်မှုထမ်းစေခိုင်းရန် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်နေသူများဖြစ်သည့်အပြင် ပြည်သူများအပေါ် ဆက်ကြေးငွေ ကောက်ခံခြင်း၊ PDF တပ်ဖွဲ့ များ၏ လှုပ်ရှားမှု သတင်းများကို စုံစမ်းကာ စစ်ကောင်စီထံ ပေးပို့နေခြင်းတို့ လုပ်ဆေင်နေကြသူ များဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ရပ်ရွာထဲရှိ ယောက်ကျားလေးရှိသည်နေအိမ်များ ငွေကြေးကောက်ခံရန် အုတ်ဖိုရဲစခန်းကို မကြာခဏ သွားရောက်တိုက်တွန်းနေကြသူများဖြစ် သဖြင့် အမြန်ဆုံး ပစ်ခတ်ရှင်းလင်းလိုက်ရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍ စစ်ဆင်ရေး အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ် ကောင်စီ တပ်သား နှင့် ပျူစောထီးများ၊ စစ်ကောင်စီယန္တရားလည်ပတ်ရေးတွင် ကူညီ ပေးနေ ကြသော ထောက်တိုင်များ နှင့် အတတ်နိုင်ဆုံးရှောင်ရှား သွားလာ နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ကစယ်ဒိုမြို့နယ်၊ ကျောက်အိုင်ကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန် ၇   ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊...