Bago News

Bago News

အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် ကူညီပေးနေသော ရာအိမ်မှူး ပျူ စောထီး ခေါင်းဆောင် ဖိုးဖြူ ပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် ကူညီပေး နေသော ရာအိမ်မှူး ပျူ စောထီး ခေါင်းဆောင် ဖိုးဖြူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်း သေနတ် ကျည် တစ်ချက်ထိမှန်ကာ သေဆုံးကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို ထံမှ သိရ သည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်က အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ပေါင်း တည်စုရွာနေ ပျူခေါင်းဆောင် ရာအိမ်မှူး ဖိုးဖြူ သည် ခမရ ၆ တိမ်မြုပ်တပ်မှ ဆိုင်ကယ်ဖြင့် တစ်ဦး တည်းပြန်လာစဉ် ပေါင်းတည်စုကျေးရွာအနီးလမ်းမပေါ်အရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်း ကျည်တစ်ချက်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

“ဖိုးဖြူက စကစတွေကို သူ့အိမ်မှာ ဝိုင်းထိုင်ဧည့်ခံကာ အပြင်ကနေ ကင်းတွေချထားပြီးတော့ ရွာကို မီးရှို့မယ် ခြိမ်းခြောက်လို့ ရွာဘုန်းကြီးရော၊ ပြည်သူတွေရော ရှောင်နေကြရတာ၊ အဲဒီအချိန်မှာ သူက အိမ်တွေထဲက တွေ့တဲ့ပစ္စည်းတွေကိုလည်း အကုန်ယူတယ်။ အုပ်ကြီး မရှိတော့ သူက စကစနဲ့ ပေါင်း ပြီး အကုန်လုပ်နေတာ၊ ရာအိမ်မှူးလည်း သူပဲ၊ ပျူခေါင်းဆောင်ဆိုလည်း သူပဲ၊ သူပဲအကုန် လက်ညှိုး ထိုးပြနေတာပါ၊” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

 

သေဆုံးသွားသော ပျူခေါင်းဆောင် ဖိုးဖြူထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စစ်ကောင်စီ တပ် သားများနှင့် ဆက်သွယ်ပြောဆိုထားသည့် မိုလ်ဘိုင်းဖုန်း ၂ လုံး နှင့် ငွေသား ၆၇၀၀၀ ကျပ်တို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော ပျူခေါင်းဆောင် ဖိုးဖြူသည် တော်​လှန်​ရေးရဲဘော်များ၏ အချက်အလက်များ​ကို စုံစမ်းထောက်​လှမ်း​၍ စစ်ကောင်စီတပ်သားများထံ သတင်းပို့ခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်း ဆီးနေသော စစ်သား၊ ရဲ များကို ၄င်း၏ နေအိမ်၌ ဧည့်ခံကျွေးမွေးကာ ပြည်သူများ၏ နေအိမ် များ မှ ပစ္စည်းများ ခိုးယူခိုင်းခြင်း၊ မီးရှိရန်​ ခြိမ်းခြောက်ခိုင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

မြေအောက်ပြောက်ကျားတပ်ဖွဲအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေး နေ ကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍  ပြည် သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်  အသိပေး ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...