Bago News

Bago News

အပစ်အခတ်ရပ်စဲသည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း အုတ်ဖိုမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

အပစ်အခတ်ရပ်စဲထားသည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း အုတ်ဖိုမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးမှုနေမှုကြောင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဧပြီလ ၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူး ရိုးမ ပေါ်သို့ ကား ၁ စီးဖြင့် စစ်ကြောင်း ထိုးရန် တက်လာသဖြင့် သရက်နှစ်ဖျားလိမ်အုပ်စု၊ ပေါင်း တည်စုရွာ အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြစ်နေစဉ် ၁၅ မိနစ်ခန့်အကြာ ထပ်မံပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ် သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ခမရ ၆ တပ်ရင်းသို့ ဖရိုဖရဲဖြင့် ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍လည်း စကစများဘက်မှ ပဲခူးရိုးမပေါ်သို စစ်ကြောင်းထိုးခြင်းများ ထပ်မံလုပ်ဆောင် လာနိုင်ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စကစများအနီး သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူး အသိပေးထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မြေငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းသည်ဟု ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲခဲ့သော်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို တိုက်ခိုက်မှု အရာရှိအပါအဝင် ၅ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၀   ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အရာရှိလိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အရာရှိအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Fire Dragon...