Bago News

Bago News

ဝေါမြို့နယ်တွင် PDF ရဲဘော်များကို စိန်ခေါ်ထားသည့် ပျူခေါင်းဆောင်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၉

 

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် PDF ရဲဘော်များကို စိန်ခေါ်ထားသည့် ပျူခေါင်းဆောင် နေအိမ်ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဝေါမြို့နယ် ပကဖထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၈ ရက် ညနေ ၆ နာရီခန့်က ဝေါမြို့နယ်၊ စစ်တောင်းမြစ်ကမ်းနားရှိ လက်ပန် ကျေးရွာ ပျူခေါင်းဆောင် အောင်ကြီး၏ နေအိမ်တွင် စစ်သား၊ ပျူစောထီးများ စုဝေးနေစဉ် ဒရုန်းဖြင့် တောင်ညိုစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ပျူစော ထီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ မြစ်ကျိုးဆေးရုံမှ တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

“PDF တွေကို စိန်ခေါ်ထားတဲ့ ဝေါမြို့နယ် ၊လက်ပန်ရွာက ပျူစောထီး ခေါင်းဆောင်ရဲ့ နေအိမ် အပေါ် ဒရုန်း ဗုံးသီးချ တိုက်ခိုက်ခံရတာ၊ စစ်တောင်းမြစ်ဘေးမှာရွာတွေထဲမှာ သူ့ရွာက ပျူအင်အား အ တောင့်တင်းဆုံးပေါ့၊ စခ ၂ ဦးသေတယ်၊ ပျူ ၇ ဦးတော့ မြစ်ကျိုးအင်းဆေးရုံကနေ တောင်ငူဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်” ဝေါမြို့နယ် ပကဖမှ တာဝန်ရှိသူ  တစ်ဦးက ပြောကြားသည်။

 

ဝေါမြို့နယ်၊စစ်တောင်းမြစ်ကမ်းနားရှိကျေးရွာများ တွင် လက်ပန်ကျေးရွာသည် ပျူစောထီး အင်အား အတောင့်တင်းဆုံးရွာဖြစ်ပြီး ပျူစောထီး အင်အား ၃၀ ကျော်ရှိကြောင်း၊  ပျူစောထီး ခေါင်းဆောင် အောင်ကြီးသည် PDF ရဲဘော် များကို စိန်ခေါ်ထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...