Bago News

Bago News

အုတ်တွင်းမြို့နယ်၊ ရန်ကုန် -မန္တလေးကားအနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၉

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအနီးရှိ စစ် ကောင်စီကင်းစခန်း ၁ ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၆ လက်နက် သိမ်းဆည်းရရှိခဲ့ကြောင်း  PDF တပ်ရင်း ၃၅၀၂ တပ်ရင်းထံက သိရသည်။

 

ယမန်နေ့ မတ် ၈ ရက် နံနက် ၄ နာရီခွဲခန့်က တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အ ကြား ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်သား အင်အား ၁၀ ဦး ခန့် ဖြင့် တပ်စွဲထားသော စစ်တပ် ကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီခန့်တွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် MA 1 အမျိုးအစား သေနတ် ၂ လက်၊ G3 အမျိုးအစေားသေနတ် ၂ လက် ၊ MA 11 အမျိုး အစား‌သေနတ် ၂ လက် ၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည်အတောင့် ၂၀၀ နှင့် 5.56 ကျည် အတောင့် ၂၀၀ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

“မနက် ၄ နာရီခွဲလောက်ကနေ စတိုက်တာ၊ မနက် ၆ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်နိုင်ခဲ့ တယ်၊ အပေါ်ကနေ ဒရုန်းနဲ့ ဗုံးကြဲပြီးမှ မြေပြင်ကနေ ဝင်တိုက်တာပါ။ ကျွဲပွဲမြို့ကနေ ထွက်လာပြီး ကာကင်းစခန်းယူတာ၊ ရှေ့ပွိုင့်သဘောမျိုးပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ဗျူဟာ ၂၃၊ တပ် ရင်း ၃၅၀၂ နှင့် အုတ်တွင်း ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...