Bago News

Bago News

မင်းလှမြို့နယ်တွင် စစ်တပ်အတွက် ပြန်လည်အလုပ်လုပ်ပေးနေသူ စစ်မှုထမ်းဟောင်း ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်တပ်အတွက် ပြန်လည်အလုပ်လုပ်ပေးနေသူ စစ် မှုထမ်းဟောင်း ၁ ဦး ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။

 

ယမန်နေ့ မတ်လ ၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်က မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင် ရွာနေ စစ်တပ်အတွက် ပြန်လည်အလုပ်လုပ်ပေးနေသူ စစ်မှုထမ်းဟောင်း ထွန်းနိုင်သည် ၄င်း၏ နေ အိမ်၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃ ရဲဘော်များမှ သေနတ်ကျည် ၃ ချက် ပစ် ခတ်၍ ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ထွန်းနိုင်သည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး စကစထောက်တိုင် အမာခံ တစ်ဦး ဖြစ်ကာ စကစများထံ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ တော်​လှန်​ရေးတပ်ဖွဲ့ များ၏ လှုပ်ရှားမှုများအား စုံစမ်းထောက်​လှမ်း၍ စကစများထံ သတင်းပေးခြင်းများ လုပ်ဆောင် နေသဖြင့် ထိုသို့မလုပ်ဆောင်ရန် သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိတာကြောင့် အရေးယူရ ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစနှင့် စကစထောက်တိုင်များအား အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် မိဘပြည်သူများ အနေ ဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂...