Bago News

Bago News

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၄

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း (P2-9914) ထံမှ သိရသည်။

 

မတ်လ ၁ ရက် နံနက် ၄ နာရီ ၁၀ မိနစ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ‌တောင်စုကျေးရွာနှင့် တမာခေါ ကျေးရွာတို့တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စခန်း ၃ ခုကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် ၅၂၅ တောင့် ၊ ကျည်ဘောက် (သံ) ၆ ခု ၊ ကျည်ဘောက် (ကော်) ၃ ခု ၊ ကျည်ကာ ဦးထုပ် ၆ လုံး ၊ RPG (အသီး) ၃ လုံး ၊ RPG (ပို့ယမ်း) ၂ ခု ၊ ၆၀ မမ ဗုံးသီး ၇ လုံး ၊ အီနာကာ (MA) ၃ ခု ၊ မိုင်းရှာစက် ၁ ခု နှင့် ဂျန်ဘာစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ၊ တပ်ရင်း ၈ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အထူး ကွန်မန်ဒိုတပ်ရင်း (P2-9914) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကွင်းချောင်းဝရွာနှင့် ရွာကြီးအင်းရွာ၌ အထိုင်ချတပ်ဆွဲထားသည့် စစ် တပ်တို့က လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ကြီးမြို့နယ် အင်းနက်ရွာကို စစ်ကောင်စီတပ် က Y-12 လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...