Bago News

Bago News

နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းပတ်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာနှင့် ပေါက်တုန်းကျေးရွာကြားတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် – ၃၈၀၁ ၊ တပ်ခွဲ – ၄ PDF (Bamar Revolution Army) ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်က နတ်တလင်းမြို့နယ်၊ သရက်ပင်ကန်ရိုး ကျေးရွာတွင် ပြုလုပ်နေသော နတ်ပွဲမှ နတ်တလင်းမြို့ဘက်သို့ ဆိုင်ကယ် ၇ စီးဖြင့် ကင်းပတ်ပြီး ပြန် လာသော အကြမ်းဖက်စစ်သား ၁၄ ဦးကို ငုတ်တိုကျေးရွာနှင့် ပေါက်တုန်းကျေးရွာကြား၌ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိကြောင်း သိရသည်။

“သရက်ပင်ကန်ရိုးနဲ့ နတ်တလင်းက ငါးမိုင် ခြောက်မိုင်လောက်ပဲဝေးတာ၊ မိုင်းကတော့ တစ်လုံးထဲပဲ ထောင်လိုက်ရတယ်။ ရောက်တာနဲ့အချိန်အရမ်းမရခဲ့လို့၊ ပြီးတော့လမ်းကလည်း ၃ တောင်လောက်ပဲ ကျယ်တာဆိုတော့ ဒဲ့ထိတာပါ၊ မိုင်းကလည်း ပတ်လည်မိုင်းပါ။ ရန်သူ့နယ်မြေထဲအထိ စွန့်စားဝင် ရောက် လုပ်ခဲ့ရတဲ့မစ်ရှင်ပါ။ မထိရောက်မှာစိုးလို့ နီးနိုင်သမျှနီးအောင်ကပ်ပြီး ခွဲခဲ့တာပါ၊ မိုင်းဆွဲလိုက် တဲ့အချိန်မှာ ဆိုင်ကယ် ၂ စီးလဲကျသွားတယ်၊ ပြီးတော့လက်နက်ငယ်တွေနဲ့ လေးငါးချက်လောက်ပစ် တယ်။ တစ်ယောက်က မပစ်နဲ့၊ မီးကို မှိတ်ဆိုပြီးပြောတယ်။ မီးမှိတ်ပြီး လယ်ကွင်းထဲဆင်းလာမှ ကျ နော်တို့လည်း ဖြေးဖြေးချင်း ပြန်ဆုတ်လာခဲ့တာပါ။ သူတို့ကလည်း လယ်ကွက်တစ်ကွက်ကျော်‌ လောက်ပဲ ဆင်းလိုက်တယ်။ မှောင်နေတော့ အရမ်းမလိုက်ရဲဘူး။ သေကုန်ပြီ၊ သေကုန်ပြီလို့ အော် ပြောနေတာလည်း ကြားရတယ်။ ပြီးတော့ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေ တင်ပြီး နတ်တလင်း ဖက်မောင်းသွားပါတယ်” ဟု သာယာဝတီခရိုင် – ၃၈၀၁ ၊ တပ်ခွဲ – ၄ PDF (Bamar Revolution Army) တပ်ခွဲမှူး ဗိုလ်လက်ျာက ပြောကြားသည်။

 

နတ်တလင်းမြို့နယ်၊ သရက်ပင်ကန်ရိုးကျေးရွာ၌ နတ်ပွဲကျင်းပပြုလုပ်နေသည်မှာ ၄ ရက်ခန့်ရှိပြီး ယင်းနတ်ပွဲကို စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးယူပေးကာ နတ်တလင်းမြို့နှင့် ကင်းပတ်လေ့ရှိ‌ ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီနယ်မြေအတွင်းအထိ ထိုးဖောက်ဝင်ရောက်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် ၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၄ PDF (Bamar Revolution Army) မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်ကောင်စီနှင့်ဒေါက်တိုင်များအား အလျဉ်းသင့်သလို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းတို့အနီးသွားလာနေ ထိုင်ခြင်းမပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂...