Bago News

Bago News

မင်းလှမြို့နယ်၊ ဆားချောင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၃၀

 

ပဲခူးတိုင်း၊ ပဲခူးရိုးမ အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဆားချောင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်က မင်းလှမြို့နယ်၊ ဆားချောင်းကျေး ရွာအနီးသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် 6 KG Payload သယ်ဆောင် နိုင် သည့် တိုက်ခိုက်ရေးအမျိုးအစား DIY Multirotor Drone တစ်စီးကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန(ပဲခူး)၏ ကွပ်ကဲမှု အောက်ရှိ သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်း (MDF – Special Force) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဆားချောင်းကျေးရွာရှိ နေ အိမ်များကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပြည်သူ ၃၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ယင်းအကြမ်းဖက် စစ် ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...