Bago News

Bago News

မင်းလှမြို့နယ်တွင် လူငယ်များကို စစ်ထမ်းစေခိုင်းရန် ဖိအားပေးခြိမ်းခြောက်နေသည့် အုပ်ချုပ်ရေး မှူး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖိအားပေးခြိမ်း ခြောက်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်က မင်းလှမြိုနယ်၊ ဇရစ်မျှောင်ကျေးရွာ နေ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲဘော် များက ၄င်း၏ နေအိမ်၌ သေနတ်ဖြင့် ကျည် ၂ ချက် ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သိရသည်။

 

သေဆုံးသူ အုပ်ချုပ်ရေးမှူး သန်းထွေးထံမှ သက်သေခံပစ္စည်းများဖြစ်သည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ် တုံး ၂ ခုနှင့် ထောက်ခံစာ စာရွက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး သန်းထွေး သည် လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်း ကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေမပေး သူများအား စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခြင်း၊ သစ်ဝါးတိုက်သူများထံမှ ဆက်ကြေး ကောက်ခံခြင်း၊ ပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသော ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို   ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီ ထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...