Bago News

Bago News

သဲကုန်းမြို့နယ်တွင် ပျူစောထီးသင်တန်းဆင်းပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးရာတွင် ပါဝင်နေသူ ဓားငပြုံး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပျူစောထီးသင်တန်းဆင်းပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးရာတွင် လိုက်ပါလုပ်ဆောင်နေသူ ဓားငပြုံးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်က၊ သဲကုန်းမြို့နယ် ရပ်ကွက် (၂) အားကစားကွက်သစ် အမှတ် (၄၇) စူဌာ မုနိလမ်းနေထိုင်သူ မောင်ပြုံး(ခ)ဓါးငပြုံးသည် ၎င်း၏ ယောက္ခမဖြစ်သူနေထိုင် သော ဓားသွေးကျောက်ကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းအရ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ (၁) မှ ရဲဘော်များက ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးစဉ် ခုခံထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေနတ် ၄ ချက် ထိမှန်ပြီးသေဆုံးသွား ကြောင်း သိရသည်။

သေဆုံးသူ ဓါးငပြုံးသည် ပျူစောထီးအပါတ်စဉ် (၁) သင်းတန်းကို အင်းမ (ခမရ-၅) တပ်ထဲတွင် (၁၄) ရက်ကြာ တက်ရောက်ခဲ့သူဖြစ်ပြီး ၎င်းနှင့်အတူ သဲကုန်းမြို့နယ် ရပ်ကွက် (၁) ရပ်ကွက် (၂) ရပ်ကွက် (၃) ရပ်ကွက် (၄) တို့ မှ ပျူအင်အား (၅၀) ဦးခန့် တက်ရောက်ခဲကြောင်း သိရသည်။

 

ပျူသင်းတန်းဆင်းများထဲတွင် ဓါးငပြုံးမှာ မြို့ပေါ်တွင်သာမက တောပေါ် တောင်ပေါ်များအထိ တော် လှန်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှု သတင်းကို ထောက်လှမ်းကာ တပ်မ (၆၆) လက်အောက်ခံ အင်းမ အခြေစိုက် ခမရ – ၅ တပ်ထဲသို့ သတင်းပေးပို့နေကြောင်း သိရသည်။

 

ထိုအပြင် ဓားငပြုံး၏ တိုင်တန်းမှုကြောင့် အပြစ်မဲ့ပြည့်သူများလည်း ဖမ်းစီးခံရမှုတွေလည်းရှိကြောင်း သိရသည်။

 

ထို့ကြောင့် ဓါးငပြုံးကို အပြစ်ပေးအယူရန် ဖမ်းဆီးခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ခုခံထွက် ပြေးမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်း ထံမှပျူစောထီးဝတ်စုံ (၁) စုံ၊ ပျူစောထီး ဦးထုပ် (၁) လုံး၊ ကျည်ဆံခွံ များပါ သိမ်းဆည်းရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...