Bago News

Bago News

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ အတင်းအကြပ်ကောက်ခံ နေသည့် အုပ်ချုပ်ရေးမှူး လင်မယား ၂ ဦးပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၁

 

ပဲခူးတိုင်း၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေးဟု ဆိုကာ ပြည်သူများထံမှ အတင်းအကြပ်ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူးလင်မယား ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က လက်ပံတန်းမြို့နယ်၊ ရွှေဘိုစုကျေးရွာနေ မကျီးကွင်း အုပ်စုအုပ်ချုပ်ရေးမှူးသိန်းဝင်းနှင့်ဇနီးဖြစ်သူသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်း၍ ၎င်းတို့၏ နေအိမ်၌ သေနတ်ကျည် ၁၀ ချက် ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့ထံမှ လက်ပစ်ဗုံး ၁ လုံးနှင့် မိုလ်ဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် ဇနီးဖြစ်သူစန်းစန်းတို့သည် စစ်မှုထမ်းကြေးဟုဆိုကာ ပြည် သူ များထံမှငွေကြေးများ အတင်းအကြပ်ကောက်ခံနေပြီး ငွေမပေးနိုင်သူများကိုစစ်တပ်အား လီဆယ် တိုင်တန်းကာ ဖမ်းဆီးခိုင်းခြင်း တို့လုပ်ဆောင်နေသောကြောင့် ပြည်သူများက တိုင်ကြာလာသော ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လူငယ်များ စစ်မှုထမ်းရန် အတင်းအကြပ်လူစုနေသူများ၊ ပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်သား၊ ရဲနှင့် စစ်ကောင်စီထောက် တိုင်များကို အရှိန်မြှင့်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် လည်း ၎င်းတို့အနီးသွားလာနေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

သဲကုန်းမြို့မှ ကား ၂ စီးထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၂   ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရုံးပင်တက်ကျေးရွာအနီးရှိ ဆည်မြောင်းရေလွှတ်ဘောင်ပေါ်တွင် စစ်တပ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...