Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် ပြင်ဆင်နေသည့် အလယ်ကုန်း ရဲစခန်း ကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၈

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် ပြင်ဆင်နေသည့် အ လယ်ကုန်း ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးလဲကျသေဆုံးခဲ့ ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် ည ၈ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်နေ ပြည်သူများကို အတင်း အဓမ္မဖမ်းဆီးပြီး စစ်ထဲသွင်းရန် ပြင်ဆင်နေသည့် အလယ်ကုန်းရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာ မြင့်ခဲ့ပြီး စခန်းအပေါက်ဝရှိ စစ်ကောင်စီတပ်သား ၁ ဦးလဲကျသေဆုံးသွားကြောင်း၊ ထိခိုက်သေဆုံး မှု အရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK-PDF မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူများအား ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို ပြင်း ပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများ၊ တပ်သားများအနီး သွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူး အသိ ပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...