Bago News

Bago News

အုတ်ဖိုမြို့နယ်တွင် “PDF ကို မျိုးဖြတ်မည်” ဟု ကြွေးကြော်ထားသူ စစ်မှုထမ်းဟောင် ပျူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် “PDF ကို မျိုးဖြုတ်မည်” ကြွေးကြော်ထားသူ စစ်မှု ထမ်းဟောင် ပျူအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း မြေ အောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီက အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာနေ စစ်မှု ထမ်းဟောင်း ပျူ တင်နိုင်ထွန်းကို အုတ်ဖိုတာဆုံနှင့် သဖန်းပင်ဆိပ်ရွာကြားရှိ ကားလမ်းပေါ်၌ ဆိုင်ကယ်စီး၍ ပြန်လာစဥ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်းသေနတ်ကျည် ၁ ချက်ထိမှန်ပြီး နေရာမှာ ပင်သေဆုံးသွားကြောင်း၊ ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မ ရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော ပျူတင်နိုင်ထွန်းသည် PDF များကို မျိုးဖြုတ်ပစ်မည်ဟု ကြွေးကြော်ထားသည့် အ ကြမ်းဖက် စစ်တပ် ထောက်တိုင် အမာခံတစ်ဦးဖြစ်ကာ တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော် များ၏ အချက်အလက်များ​ကို စုံစမ်း ထောက်​လှမ်း၍ စကစ ထံ ​သတင်းပို့ခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများအား မမှန်မကန်သတင်ပေးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ရန် လုပ်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သိ့ အရေးယူရခြင်းဖြစ်ကြောင်း မြေအောက် ပြောက်ကျား တပ်ဖွဲ့ -အုတ်ဖိုက ထုတ်ပြန်ထားသည်။

 

မြေအောက် ပြောက်ကျား တပ်ဖွဲ့ – အုတ်ဖို အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခ ပေးနေကြသည့် အကြမ်းဖက်စစ်ကောင်စီ၊ စစ်တပ်နှင့် စစ်တပ်ထောက်တိုင်များကို တိုက်ခိုက် သွား မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်မိ ၊ နတ်ရေကန်ဗျူစခန်းမှထွက်ပြေးလာသော စစ်သား ၁၄ ဦးအရှင်မိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ...