Bago News

Bago News

ရေတာရှည်မြို့နယ်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၆

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ အိုးမြေဒူးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော ရေတာရှည်မြို့ နယ်၊ အိုးမြေဒူးကျေးရွာ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲတိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ယင်းအကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံး ကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“၄ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်၊ အဲဒါပြီးတော့ နောက်ပိုင်း တိုက်ပွဲမရှိ သေးပါဘူး၊ စစ်ရေးအခြေအနေ ခဏငြိမ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်း စစ်ဆင်ရေးအဖွဲ့နှင့်အတူ ကီးကူစစ်ကြောင်းမှ ရဲဘော်များကလည်း ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ရေတာရှည်မြို့နယ် ၊စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် လုံ ခြုံရေး အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက် ပွဲဖြစ်   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော်-TNLAတို့...