Bago News

Bago News

နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးခြေပြတ်၊ လက်ပြတ်ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် ဝင် ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ရဲ ၂ ဦးခြေပြတ်၊ လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက်နေ့က မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က နတ်တလင်းမြို့နယ်အရှေ့ဘက် ဒမငယ်ရွာရှိ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး လက်တစ်ဖက်ပြတ်သွားပြီး ကျန် ရဲ ၁ ဦး ခြေထောက်တစ်ဖက်ပြတ်သွားကာ ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း သိရသည်။

“သေတဲ့သတင်းတော့ မရသေးဘူး။ သူတို့က ဘယ်သူမှ အဝင်မခံပဲ ပိတ်ဆို့ထားတော့ သတင်းက မရ တာ၊ မင်းဂွတ်သီးနဲ့ ဝင်ပစ်ခဲ့တာ၊ ပစ်ခဲ့တာက တစ်လုံးတည်းရယ်၊ ရဲစခန်းထဲမှာ ထိုင်နေတဲ့ ရဲတွေ လေးငါး ခြောက်ယောက်ကြားထဲ သွားကျတာ၊ အဲဒီနေရာမှာပဲ တစ်ယောက်ကတော့ ခြေထောက် ပြတ်တယ်၊ တစ်ယောက်ကတော့ လက်ပြတ်သွားပြီးတော့ ပြည်ဆေးရုံကို တစ်ခါတည်း သယ်သွား တယ်လို့ သိရတယ်၊ သေနိုင်တယ်လို့ လည်းပြောတယ်၊ရဲဘော်တွေအားလုံး အမြန်ဆုံးပြန် ဆုတ်နိုင်ခဲ့ တပါတယ်” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix D F (နတ် တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီ တိုင်များကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန်အတွက် စစ်သား၊ ရဲ၊ ပျူစောထီး၊ စစ်ကောင်စီထောက်တိုင်များအနီးသွားလာ လှုပ် ရှားခြင်း မပြုကြရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကိုတိုက်ခိုက်မှု စစ် သား ၃ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း...