Bago News

Bago News

ပဲခူးရိုးမပေါ်သို့ တက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်းမှူးအဆင့်ရှိသူများ အပါအဝင် ၂၀ ကျော်သေဆုံး

 

D Day News

ဩဂုတ်လ ၂၈

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုနယ်အပိုင် ပဲခူးရိုးမပေါ်သို တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် ၂၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် ညနေ ၄ နာရီခန့်က အင်အား ၁၀၀ ကျော်ဖြင့် လက်ပံတန်းမြို့နယ် အ ပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တောင်တန်းမြိုင်ကျေးရွာ အ နီး၌ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၂၀ ကျော်သေ ဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

Photo – ပုံဟောင်း

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများအထိနာပြီး ထန်းပင်ချောင်ရွာရှိ အကြမ်းဖက်စစ် သားများက လက်နက်ကြီး ပစ်ကူများအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပါလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်း မြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ မိုးညိုမမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍  ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်သားများအနီး  သွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...