Bago News

Bago News

ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့်အုတ်တွင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဗုံကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီ ၅၇ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်နှင့် ညနေ ၅ နာရီ ၂၅ မိနစ် အချိန်တို့တွင် အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက်မြို့ အရှေ့ဘက် သရက်ကုန်းကျေးရွာသို့ ရောက်ရှိလာ အကြမ်းဖက် စစ် ကြောင်းအား ဖြူးမြို့နယ်ပကဖနှင့် သာယာဝတီ ခရိုင်ပကဖတို့ ပူးပေါင်း ဒရုန်းဖြင့် 1Kg ဗုံးသီးများကျဲချခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီ ၂ မိနစ်တွင်လည်း ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက် သရက်ကုန်း ကျေးရွာနှင့် နှောခင်ကျေးရွာကြားရှိသုဿန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ဖြူးမြို့နယ်ပကဖ Droneအဖွဲ့မှ ဒရုန်းဖြင့် 1Kg ဗုံးသီး ၂ လုံးကျဲ ချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ ၄၇ မိနစ်၊ နံနက် ၉ နာရီ ၁၈ မိနစ်၊ နံနက် ၁၁ နာရီ ၅၁ မိနစ်နှင့် ညနေ ၇ နာရီ ၆ မိနစ်တို့တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် နှောခင်ရွာသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၅၀၂ PDF တပ်ရင်း၊ ရန်ကုန်ပကဖ၊ အုတ်တွင်းပကဖနှင့် ဖြူးပကဖဒရုန်းအဖွဲ့များပူးပေါင်းကာ 1 kg ဒရုန်းဗုံးသီး ၈ လုံး ကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၂ မိနစ် နှင့် ညနေ ၂ နာရီ ၄၂ မိနစ်တို့တွင် ဖြူးမြို့နယ်၊ ဇေယျ ဝတီမြို့ အရှေ့ဘက် ကြူအင်း ကျေးရွာထိပ်၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဖြူးမြို့နယ် ပကဖ Droneအဖွဲ့မှ 1Kg ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“အင်အားက ၃၀၀ လောက်ရှိတယ်။ အခုတိုက်ခိုက်ခဲ့တဲ့နေရာတွေက အုတ်တွင်းနဲ့ဖြူးနဲ့ ထိစပ်နေရာ တွေပါ။ လက်ရှိမှာတော့ စခတွေဘက်က အင်အားကောင်းသေးတယ်။ ပြန်ဆုတ်သွားတယ်ဆိုပေ မယ့် ထန်းကုန်း၊ သရက်ကုန်း၊ မျက်နီကွင်းရွာတွေမှာ ရှိနေသေးပါတယ်” ဟု ဖြူးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေ ဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် ဟာစနာပူအနောက်ရွာနှင့် ကုလားဂျူးရွာအတွင်းသို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ၃၅၀၂ PDF တပ်ရင်းမှ စစ်ရေးဦးဆောင်မှုဖြင့် ဖြူးမြို့နယ်ပကဖတော်လှန်ရေးရဲဘော်များမှ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ကိုင်နေစဉ် ကြူအင်းအရှေ့ရွာထိပ်ရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းများဖြင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားရာခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်အကြာဖြင့်ခဲ့ကြောင်း ယင်း တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကာ  ဖြူးမြို့နယ်ပကဖမှ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PNO တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့...