Bago News

Bago News

ရခိုင်ရိုးမပေါ်သို့ ကုန်စည်လမ်းကြောင်းဖြတ်တောက်ရန် တက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၂၈

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အစပ် သုံးပြင်ဆုံနေရာသို့ တက်လာသော အကြမ်းဖက်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ထံမှ သိရ သည်။

 

ဩဂုတ်လ ၁၈ ရက် နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ရခိုင်ရိုးမပေါ်သို့ ကုန်စည်လမ်းကြောင်း ဖြတ်တောက်ရန် အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်သားများ ကို ပန်းတောင်းမြို့နယ် အစပ် သုံးပြင်ဆုံနေရာအရောက် အသင့်စောင့်ကြိုပြီး လက်ဦးမှုရယူ၍ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၂ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန် လည်ခုခံတိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ရေး အရှိန်မြင့်တင်လာသည်နှင့် အမျှ စစ်ရေးပစ်မှတ်များ ဖြစ် ကြသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အဓိကထားတိုက်ခိုက်နေပြီဖြစ်ပါ သော ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွ နေထိုင်သွားလာခြင်း များ မပြုလုပ်ကြရန် အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...