Bago News

Bago News

သာယာဝတီခရိုင်တွင် စစ်တပ်က လေကြောင်း၊ တိုက်လေယာဉ်များ ပျံသန်းကင်းထောက်ပြီး စစ်ရေးပြင်ဆင်နေမှုကြောင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၆

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်တပ်က လေကြောင်း၊ ဂျက်တိုက်လေယာဉ်များ ကင်းထောက် ပျံသန်းကာ စစ်ကြောင်း ထိုးရန် ပြင်ဆင်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် သာယာဝတီခရိုင် PDF မှ သတိပေးထားသည်။

 

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပဲခူးရိုးမအတွင်း လေယာဉ်ဖြင့် ကင်းထောက်ခြင်းများ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆက်တိုက်ပျံဝဲခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေး တပ်ဖွဲ့ များကလည်း စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

ထို့အပြင် သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေ သော ပဲခူးရိုးအတွင်း အကြမ်းဖက် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင် နေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင် ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ် ဖို့ လိုပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက သတိပေးထားခြင်းဖြစ်သည်။

 

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် အကြမ်းဖက် စစ်တပ်က နယ်မြေ စိုးမိုးနိုင်ရေး လုပ် ဆောင်ရာတွင် တပ်မ ၇၇ နှင့် ၁၀၁ တို့ကို ညွှန်ကြားချက်ပါ အတိုင်း စစ်ကြောင်း ၄ ကြောင်း ဖွဲ့စည်း ပြီး စိုးမိုးနယ်မြေ အဖြစ် ပြန်လည်သိမ်းပိုက်ရန် ကက ကြည်း နှင့် စစ်ဆင်ရေး အထူးအဖွဲ့ တို့က ကွပ်ကဲဆောင်ရွက်နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...