Bago News

Bago News

ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးမှုတွင် ပါဝင်ကူညီနေသော ခင်စိုးပစ်ခတ်ခံရ ပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

ပဲခူးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးရာ ကူညီပေးနေသော နတ္တလင်း ကျေးရွာ နေခင်စိုးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းထံက သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်က ပေါက်ခေါင်းမြို့နယ် ၊ ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏ နေအိမ်သို့သွားရောက်၍ ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။

သေဆုံးသူ ခင်စိုးသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး စစ်သားသစ် စုဆောင်း ခြင်း၊ လူငယ်များကို ကိုအတင်းအဓ္မပေါ်တာဆွဲရာတွင် အားတက်သရောလိုက်ပါဆောင်ရွက်ခြင်း၊ ပေါ်တာဆွဲပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ရွေးခိုင်းပြီး စစ်ကောင်စီကို အားပေးထောက်ခံ ခြင်း ၊ တော်လှန်ရေးထောက်ပို့ရဲဘော်များ၏ သတင်းအချက်လက်များကို လိုက်လံစုံစမ်းခြင်း တို့ကို ပြုလုပ်နေသေူဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် စာ ရေး များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေးလမ်းပြများကို ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းတို့ရှိသောနေရာများသို့ သွားလာ နေထိုင်ခြင်း၊ အားပေးကူညီခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများမပြုလုပ်ကြပါရန် ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...