Bago News

Bago News

တောင်ငူရှိ တပခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်အရာရှိ ၄ ဦးအပါအဝင် ၁၂ ဦးသေဆုံး ပြီး ကား ၃ စီးမီးလောင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပခ ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ကား ၃ စီးလောင်ကာ အ ဆောက်အအုံ ၂ လုံးပြိုကျပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၀၀ နာရီ ၃၅ မိနစ်အချိန်က အကြမ်းဖက် စစ်ရှုံး ကောင် စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး ဖြင့် တိုက်ခိုက်ရာ ၅ လုံးကို အောင်မြင်စွာ ထိရောက်ပေါက်ကွဲခဲ့ပြီး တိုင်းစစ်ဌာနချုပ် ၊ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်းမီးလောင် ကာ စစ်ကောင်စီတပ်သား အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/ECPPhkzcKCQ

ထို့အပြင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းရုံးကို ထိမှန်မှုအတွင်း စစ်ကောင်စီတပ်သား အရာရှိ ၂ ဦး နှင့် အခြားအဆင့် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း၊ အရာရှိငယ်နေအိမ် ၂ လုံးလည်း ပြိုကျပျက်စီး ခဲ့ပြီး လိုင်းခန့်းနေသူအချို့ သေဆုံးမှုရှိကြောင်း သိရသည်။

 

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သား အသုံးပြုသည့် အိမ်စီးကား ၂ စီးနှင့် တပ်ဌာနချုပ်သုံး လန်းဂျန်းကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 27 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမစ်ရှင်အောင်မြင်ရေးအတွက် ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့ က‌လည်း တဖက်လမ်းမှ ပါဝင်ကူညီအားဖြည့်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ ထံက သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ...