Bago News

Bago News

တောင်ငူမြို့ရှိ တောင်းပိုင်းတိုင်း စစ်ဌာနချုပ် -တပခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ် ခတ် တိုက်ခိုက်မှု ၅ လုံးအောင်မြင်စွာ ထိရောက်ပေါက်ကွဲ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ လုံးအောင်မြင်စွာ ထိရောက်ပေါက်ကွဲ ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၀၀ နာရီ ၃၅ မိနစ်အချိန်က အကြမ်းဖက် စစ်ရှုံး ကောင် စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး ဖြင့် တိုက်ခိုက်ရာ ၅ လုံးကို အောင်မြင်စွာ ထိရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 27 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမစ်ရှင်အောင်မြင်ရေးအတွက် ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့ က‌လည်း တဖက်လမ်းမှ ပါဝင်ကူညီအားဖြည့်ခဲ့ကြောင်း သိရသည်။

 

စစ်ရှုံးကောင်စီ၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက် ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင် နေသည့် စစ်ဌာနချုပ် ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းမှာ မြန်မာပြည်၏ နေရာအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် များ အစွမ်းကုန် ကြိုးစား တိုက်ခိုက်သော တော်လှန်ရေး အရွှေ့ဖြစ်စေရန်အတွက် အကူအညီ ဖြစ်စေ ရန်ရည်ရွယ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

 

စစ်ရှုံးကောင်စီ၏ အကြမ်းဖက် နှိပ်စက်မှု၊ လူငယ်များကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းမှု၊ လေ ကြောင်းတိုက်ခိုက်မှုများ ကြောင့်နိုင်ငံ တဝန်းရှိ ပြည်သူများ စိတ်မလုံခြုံခြင်း ခံစားရသကဲ့သို့ Christmas အခါသမယမျိုးတွင်ပင် စစ်ရှုံးကောင်စီ နှင့် သူ၏မိသားစုဝင်များသည်လည်း ၎င်းတို့ မှီခိုအားကိုးရာစစ်ဌာနချုပ်အတွင်း၌ပင် မလုံခြုံတော့ကြောင်းလက်တွေ့ခံစားရစေရန် တိုက်ခိုက်ခြင်း လည်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၂၅ ရက် မွန်းတည့်...