Ayeyarwaddy News

Ayeyarwaddy News

သိမ်းပိုက်ရရှိသည့် နယ်မြေများကိုကာကွယ်ရန် M18 ရှေ့ထွက်မိုင်း ထုတ်လုပ်မှု စမ်းသပ် အောင်မြင် (ရုပ်သံ)

 

D Day News

ဧပြီလ ၇

 

တိုက်ခိုက်သိမ်းပိုက်ရရှိထားသည့် နယ်မြေများကို ကာကွယ်ရန် M18 ရှေ့ထွက်မိုင်း ထုတ်လုပ်မှု အောင်မြင်ထားပြီဖြစ်ကြောင်း Ayeyarwady Regional PDF တပ်ဖွဲ့ထံမှ သိရသည်။

 

M18 ရှေ့ထွက်မိုင်းသည် ဒေသတွင်းမှ ရရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက် ရရှိထားသည့် ‌နယ်မြေများကို ကာကွယ်ရန်၊ ကာကင်းနေရာချထားမှုများ၊ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု၊ ကားတန်းများကို ပဒေသာမိုင်းဆင် တိုက်ခိုက် မှုများအတွက် အသုံးပြုနိုင်ရန် တီထွင် ထုတ် လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီရှေ့ထွက်မိုင်းက M18 မိုင်းပေါ့နော်၊ ဒါကရှေ့ထွက်မိုင်းအသေးစား၊ အသေးစားကို ဒေသတွင်းက ရတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ ထုတ်ထားတယ်ပေါ့နော်၊ အသားကတော်တော်ကြီးကို ကောင်းကောင်းမွန် ရပါတယ်။ ဆွဲချိုးလို့မရူဘူး၊ အနာခံတယ်ပေါ့၊ ကြွပ်လည်းမကြွပ်ဘူး၊ အပျော့စားဆိုတော့၊ တော်ရုံ တန်ရုံပြုတ်ကျလည်း ဘာမှ မဖြစ်ဘူးပေါ့၊ ထုတ်တဲ့မိုင်းကို အောရီဂျင်မိုင်းတွေအတိုင်း Effective ဖြစ် လာ မဖြစ်ဘူးလားဆိုတာ အခုကျနော်တို့စမ်းမယ်၊ စမ်းမယ်ဆိုတဲ့ ရှေ့ထွက်မိုင်း ၁ လုံးဆင်ထား တယ်။ စမ်းမှာဖြစ်လို့ တားဂတ်တွေကို ထားထားတယ်၊ တစ်ခုနဲ့တစ်ခုက ၁၀ ပေအကွာ အခုပေါင်း ၅ ချပ်ရှိမှာပေါ့။” ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

https://youtu.be/sE66I-1MiGQ

အဆိုပါ ထုတ်လုပ်မှုကို Project Home နှင့် ARPDF တို့ပူးပေါင်း၍ Yangon Ayeyar production မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်ရရှိသည့် ရှေ့ထွက်မိုင်းများကို စစ်ဒေသအတွင်းရှိ စစ်ကြောင်းများ နှင့် တပ်ရင်းများထံသို့ မျှဝေထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦး၏နေအိမ်အပါအဝင် နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၈ ရက်နေ့က...