နယ်မြေရှင်းလင်းရေး လုပ် ဆောင်ရန် တာဝန်ပေးခံရသည့် ခလရ ၂၇၁ တပ်ရင်းမှူးလည်း တပ်ရင်း တစ်ခုလုံး အလင်းဝင်ရန် တိုင်ပင်စဉ် ထပ်မံဖမ်းဆီးခံရ
သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၃
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ် ရင်းမှ တပ် ရင်း မှူးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပုသိမ်သတင်းအထူးအဖွဲ့ထံမှ သိရ သည်။
ဩဂုတ်လ ၁၉ ရက် ညပိုင်းက ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဧရာဝတီတိုင်းတော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ-၂၇ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦးနှင့် ပြည်သူ့စစ် ၄ ဦး စုစုပေါင်း ၆ ဦး သေဆုံးကာ စစ် ကြောင်းမှာလည်း နောက်ကြောင်းပြန်ဆုတ်သွားကြောင်း သိရသည်။
ထိုသို့ တပ်ရင်းမှူးနှင့်ဗိုလ်ကြီးကျသွားသောကြောင့် ဒုတိုင်းမှူးရဲလင်းအောင်မှ ဒေါသဖြစ်ကာ စက် စက်ယိုကျေးရွာအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ခလရ-၂၇၁ တပ်ရင်းမှူးကို ရှေ့တန်းသို့ ပြန်စေလွှတ်ခဲ့ရာ ယင်းတပ်ရင်းမှူးက “ကျွန်တော်တပည့်တွေ အရမ်းပင်ပန်းနေပြီ” ဟု ပြန်ပြောမိရာမှစ၍ ဗျူဟာမှူး လွင်ထူးမောင်၊ ဇေယျာမောင်နှင့် စကားအခြေအတင်များခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စကြောင့် တပ်ရင်းမှူးမှာ ဖိအားများပြီး ခလရ-၂၇၁ တပ်ရင်းမှူး တစ်တပ်လုံး အလင်း ဝင်ရန် တိုင်ပင်နေသည့်အချိန် သတင်းပေါက်ကြားသွားသည့်အတွက် ခလရ ၂၇၁ တပ်ရင်းမှူးကို နတခ ဒုတိုင်းမှူး ရဲလင်းအောင်ကိုယ်တိုင် ဖမ်းဆီးကာ ရေကြည်မြို့နယ်အခြေစိုက် အမတ-၃၄၄ (ရေကြည်) တပ်တွင် ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။
ယခုအခါ ခလရ-၂၇၁ ဒုတပ်ရင်းမှူးကျော်ဝင်းထွဋ်ကို တပ်ရင်းမှူးနေရာသို့ အစားထိုးလိုက်ကြောင်း သိရသည်။
Thanlwin Myanmar Media