သံလွင်မြန်မာသတင်း
ဇူလိုင်လ ၃၁
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်း တပ်သား ရှာဖွေပေးနိုင်ခြင်းမရှိသော ကြောင့် စစ်တပ်ခန့်ဆယ်အိမ်မှူးတစ်ဦး ထွက်ပြေးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယခု ဇူလိုင်လ နောက်ဆုံးပတ်ကလည်း ပုသိမ်မြို့ အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး အေးကို နှင့် ရာအိမ်မှူးဖိုးထောင်တို့က ဆယ်အိမ်မှူး စိုးသက်အောင်ထံ စစ်မှုထမ်းတပ်သားသစ် ၂ ဦး ရှာပေးရန် ဖိအားပေးခဲ့ကြောင်း၊ ထိုသို့ ရှာမပေးနိုင်ပါက ဆယ်အိမ်မှူး စိုးသက်အောင်ကိုယ်တိုင် ဝင်ရောက်ထမ်း ဆောင်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဆယ်အိမ်မှူး စိုးသက်အောင်မှာ ရပ်ကွက်အတွင်းမှ ထွက်ပြေးသွားကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သည် စစ်မှုထမ်းတပ်သား သစ်များကို ကျေးရွာအုပ်စုနှင့်အခြား အဆက်အသွယ်များထံမှ ငွေကြေးများယူ၍ စီးပွားဖြစ်လူ ကုန် ကူးခြင်း၊ လာဘ်ငွေယူကာ ထိမ်ချန်ခြင်းတို့ကြောင့် အုပ်စု အလိုက်၊ ရပ်ကွက်အလိုက် ပေးရမည့် စစ်မှု ထမ်းတပ်သား အရေအတွက် ပြည့်မီခြင်းမရှိကြောင်း သိရသည်။
ထို့သို့ လူဦးရေပြည့်မီခြင်းမရှိသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိများက ကျေးရွာ ၊ အုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပေါ် ဖိအားပေးခြိမ်းခြောက်ကာ လူဦးရေအပြည့်ပေးရန် တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media