Ayarwaddy News

Ayarwaddy News

ရခိုင်နှင့် ဧရာဝတီအစပ် လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များမီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၂

 

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ် လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာဘုန်းကြီးကျောင်းအနီး သို့ စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

မတ်လ ၁၉ ရက် ည ၁၁ နာရီခန့်က လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာဘုန်းကြီး ကျောင်းအနီး ကို အကြမ်းဖက်စစ် ကောင်စီတပ် မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်များမီး လောင်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသိရှိရခြင်းမရှိသေးကြောင်း သိရ သည်။

“အပြည့်အစုံတော့မသိရသေးဘူး။ ဗုံးကျဲချခံရလို့ မီးလောင်သွားတာပဲ သိရသေးတယ်။ ဒေသနေ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာအခြေအနေတစ်ခုပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြား သည်။

 

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်၌ တိုက်ပွဲများဖြစ်ပွားနေပြီး လေးမျက်နှာမြို့နယ် အတွင်းရှိ အချို့ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်တပ်က စစ်ကြောင်းထိုး ပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်၊ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အအုံများတွင် ဝင်ရောက် တပ်စွဲနေ ထိုင်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူများနေရပ်စွန့်ခွာထွက်ပြေးနေကြ ရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...