Ayardaw News

Ayardaw News

အရာတော်မြို့ပေါ်တွင် အဓမ္မစစ်သားစုဆောင်းနေသူ တပ်ကြပ်ကြီးအငြိမ်းစား အုပ်ချုပ်ရေးမှူး အောင်ကြည် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်တွင် အဓမ္မစစ်သားစုဆောင်းနေသူ တပ်ကြပ်ကြီးအငြိမ်းစား အုပ်ချုပ်ရေး အောင်ကြည်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Danger Force LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ် ရေး မှူး အောင်ကြည်သည် လက်ဖက်ရည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ်လမ်း၌ SIG သေနတ်၂ လက် ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ အောင်ကြည်သည် စ.ခ.တ ၁၀ တပ်တွင် တပ်ကြပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ ပြီး အငြိမ်းစားယူကာ အရာတော်မြို့ အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ၎င်းသည် မြို့ပေါ်ရပ်ကွက်မှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့ကာ ဖိအား ပေးကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်စေရန် တက်ကြွစွာလုပ် ဆောင်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုကို Danger Force LPDF၊ အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့ ၂ ဖွဲ့ နှင့် မုံရွာခရိုင်ပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြပါရန် အာရက္ခတပ်တော် -AA ကသတိ ပေးထားသည်။ ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်သင်္ဘော များပေါ်မှ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊...