ကဗျာကဏ္ဍ “ဆုတောင်း”
ခွန်းနီ(ပခုက္ကူ) သွပ်နဲ့ပဲမိုးမိုး ဖက်နဲ့ပဲမိုးမိုး အချစ်တွေ သာတိုးပါစေ။ အုပ်နဲ့ပဲကာကာ ဝါးထရံနဲ့ပဲကာကာ ချမ်းမြေ့စရာတွေပဲလာပါစေ။ ခြံအကျယ်ကြီးမှာပဲဆောက်ဆောက် မြေကွပ်အကျဥ်းမှာပဲဆောက်ဆောက် မေတ္တာတရားသာလောက်ငှပါစေ။ ပုဇွန်ထုပ်နဲ့စားစား လက်ဖက်သုပ်နဲ့စားစား သဒ္ဒါတရားသာပွားများပါစေ။ မွေ့ယာနဲ့ပဲအိပ်အိပ် ဖျာကြမ်းနဲ့ပဲအိပ်အိပ် စိတ်လက်ချမ်းသာအိပ်နိုင်စေ။ လှိုင်းကြမ်း လေကြမ်း ခရီးကြမ်းမှာ အမှန်တရားသာနိုင်ပါစေ။ မရိုးဖြောင့်သူ လူဆိုးလူညစ် ကျူပင်ရစ်လျှင်...