ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် AA တပ်ဖွဲ့တို့ကြား လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် အပြန်အလှန်ပစ်ခတ်နေ၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းစခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရရှိရန် အနည်းငယ်သာကျန်ရှိ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် AA တပ်ဖွဲ့တို့ကြား လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် အပြန်အလှန်ပစ်ခတ်နေ၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းစခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရရှိရန် အနည်းငယ်သာကျန်ရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၆

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် – AA တပ်ဖွဲ့တို့ကြား လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ညပိုင်းက အာရက္ခတပ်တော် -AA ၏ ထုတ်ပြန်ချက်တွင် စစ် တွေမြို့ အနီးပတ်ဝန်းကျင်၌ လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုများမှာ ယခုရက်များ အတွင်း ပိုမိုပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလားတူ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် အနည်း ငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို ကစဉ့်ကလျား ထွတ်ပြေးနေ သော စစ်သားများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှ လက်နက်ချ အလင်းဝင်ရောက်လာသောသူများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားကြောင်း အာရက္ခတပ်တော် -AA က အသိပေးထားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ညနေ ၃ နာရီ ၅၅ မိနစ်က ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုးခဲ့ရသော စခန်းများ၊ တပ်ရင်း ဌာနချုပ်၊ တပ်မဌာနချုပ်များအပါအဝင် မြို့အချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသကဲ့သို နောက်ထပ်စခန်းများထပ်မံ၍ လက်လွှတ်မဆုံးရှုးရစေရန်အတွက်လည်း ထိုးစစ်၊ခံစစ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံအပြား၌ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထိုကြောင့် အာရက္ခတပ်တော်နှင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တို့ နှစ်ဖက်ရင်ဆိုင်ထားသော နေရာများတွင် တိုက်ပွဲများမှာ နေ့တိုင်းနီးပါး ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့တွင် စစ်ကော် မရှင် ၏ ထိုးစစ်များကို အာရက္ခတပ်တော်က အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...